IRCI မှ SACနှင့် လက်တွဲပူးပေါင်းဆောင်ရွက်ခြင်း

IRCI နှင့် SAC (The Princess Maha Chakri Sirindhorn Anthropology Centre) တို့သည် အာရှ-ပစိဖိတ်ဒေသအတွင်းရှိ သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များအား သုတေသန လုပ်ဆောင်မှုနှင့် ပတ်သက်၍ ကတိပြုစာချုပ် တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ လက်မှတ်ရေးထိုးပွဲကို သြဂုတ်လ 1ရက်နေ့တွင် ဘန်ကောက်မြို့ရှိ SAC ဌာနရုံးအဆောက်အဦးအတွင်း၌ ကျင်းပခဲ့ပြီး၊ IRCI မှ ဒုတိယညွန်ကြားရေးမှူးချုပ် မစ္စ အိုနူခိ မိစကို  Misako Onuki နှင့် SAC မှ ဒါရိုက်တာ Suvanna Kriengkraipetch တို့ တက်ရောက် ခဲ့ကြသည်။ ဒေသအတွင်းရှိ အမျိုးသားပြတိုက်များကြား ရင်းနှီးစွာ အပြန်အလှန် ချိတ်ဆက် ဆောင်ရွက်သွားပြီး၊ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမည့် အကြောင်းအရာများ နှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင် ပြောဆိုခဲ့ကြသည်။ ပထမအဆင့် အနေဖြင့်  IRCI နှင့် SAC တို့ အတူ ပူးပေါင်း၍  “အာရှ-ပစိဖိတ်ဒေသ အတွင်းရှိ သမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းကာကွယ်ရေးနှင့် ပတ်သက်သော International Field School Alumni ဟောပြောပွဲ” တစ်ရပ်ကို 2012ခုနှစ်၊ သြဂုတ်လ 6ရက်မှ 8ရက်အထိ Lamphun တွင် ကျင်းပပြုလုပ်ရန် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

MOU Signing Ceremony betwween SAC and IRCI

 (ယင်းစာတမ်း ဟောပြောကို ပထမအကြိမ်မြောက် IRCI ဒါရိုက်တာအစည်းအဝေးတွင် သဘောတူ ဆုံး ဖြတ်ခဲ့သော IRCI ၏ ကာလလယ်စီမံကိန်းအပေါ် အခြေခံ၍ ကျင်းပပေးခဲ့ခြင်းဖြစ်သည်)