နိုင်ငံတကာ သမိုင်းပညာရှင်များ တွေ့ဆုံပွဲ “အာရှ - ပစိဖိတ်ဒေသအတွင်းရှိ သမိုင်းဝင်အမွေအနှစ်များ ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ သုတေသနလုပ်ငန်း အခြေအနေများ စစ်တမ်း ကောက်ယူ စစ်ဆေး ခြင်း”

IRCI အနေဖြင့် ဒုတိယအကြိမ်မြောက် စီမံအုပ်ချုပ်မှု ဒါရိုက်တာအစည်းအဝေးအရ ဆုံးဖြတ် လိုက်သော လုပ်ငန်းစီမံကိန်းအပေါ် အခြေခံ၍ “ အာရှ-ပစိဖိတ်ဒေသအတွင်းရှိ သမိုင်းဝင်အမွေအနှစ်များ မပျက်စီးအောင် ကာကွယ်ထိန်းသိမ်းရေးနှင့် ပတ်သက်သော သုတေသနအစီအစဉ်” စီမံကိန်များ အ ကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးကို တွန်းအားပေးလှုံ့ဆော်လျက်ရှိသည်၊ အဆိုပါ စီမံကိန်းသည် အာရှ - ပစိဖိတ်ဒေသ အတွင်းရှိ သမိုင်းဝင်အမွေအနှစ်များ ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ သုတေသန လုပ်ငန်းများကို အကဲဖြတ်စစ်ဆေးပြီး၊ သုတေသနနှင့်ပတ်သက်၍ အလွန်အရေးကြီးသော ပြဿနာရပ် များကို ထဲထဲဝင်ဝင် ဆွေးနွေးနှီးနှောခြင်းဖြင့် သမိုင်းဝင်အမွေအနှစ်များ ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်း စဉ်များ ပိုမိုတိုးတက် ကောင်းမွန်လာရေးကို ရည်ရွယ်သည်။

စီမံကိန်း၏ 2013 ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ချမှတ်ထားသော လုပ်ငန်းစဉ်အဖြစ် အာရှ - ပစိဖိတ်ဒေသ သမိုင်းဝင်အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး သုတေသနသမိုင်းပညာရှင် 13 ယောက် ခန့် ဖိတ်ခေါ်၍ နိုင်ငံတကာ သမိုင်းပညာရှင်များ တွေ့ဆုံပွဲကို 2014 ခုနှစ်၊ ဖေဖေါ်ဝါရီလ 19 ရက်မှ 20ရက်အထိ ထိုင်းနိုင်ငံ ယူနက်စကို ဘန်ကောက် အခြေစိုက်ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသော သမိုင်းပညာရှင်များမှ လက်ရှိ သမိုင်းဝင် ယဉ်ကျေးမှုအမွေ အနှစ်များ ထိန်းသိမ်းကာကွယ်မှု အခြေအနေနှင့် စပ်လျဉ်း၍ အစီရင်ခံရှင်းပြပြီး၊ သမိုင်းဝင်အမွေအနှစ်များ ကာကွယ် ထိန်းသိမ်းရေးအတွက် သုတေသနလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်သွားပြီး အရေးကြီး သော အခက်အခဲများ ရှာဖွေစစ်ဆေး၍ ယင်းအခက်အခဲများအပေါ် အခြေခံသော စီမံကိန်းများ အကောင် အထည်ဖော် ဆောင်ရွက်သွားရန် အကြံပြုချက်များ ဆွေးနွေးပြောဆိုကြသည်။

2014 ခုနှစ် ဘဏ္ဍာရေးနှစ်အတွက်မူ အဆိုပါ ပညာရှင်များ တွေ့ဆုံပွဲ အခမ်းအနားမှတဆင့် ရရှိသော အခက်အခဲနှင့် အကြံပေးများကို အခြေခံ၍ စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက် သွားပြီး၊ စီမံကိန်းအခြေအနေများကို အင်တာနက် ဝက်ဆိုဒ်ပေါ်မှတဆင့် အသိပေးကြေငြာပေးသွားပါမည်။