အရှေ့တာကဲ့ဇိုနို(Takezono Higashi) အလယ်တန်းကျောင်း ဟောပြောပို့ချမှု

2015 နိုဝင်ဘာလ 21 ရက်နေ့တွင် IRCI၏ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စ အိုနုကီ မိစကို (Misako Ohnuki)မှ “ကမ္ဘာ့သမိုင်းကြောင်းထဲမှ လုဗာ ပြတိုက် (Louvre Museum) နှင့် ကမ္ဘာ့အမွေအနှစ် ညီလာခံ” ခေါင်းစဉ်ဖြင့် ဆခုဘာမြို့ (Tsukuba City) အရှေ့တာကဲ့ဇိုနို(Takezono Higashi) အလယ်တန်း ကျောင်းရှိ ကျောင်းသားများကို ဟောပြောပို့ချခဲ့သည်။ အိုနုကီ (Ms Ohnuki)အနေဖြင့် ဟောပြောပို့ချ ပေးရန် ယင်းကျောင်းသို့ဖိတ်ကြားခံရခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး၊ ဟောပြော ပို့ချမှုများတွင် IRCI၏ လုပ်ဆောင်ချက်များကိုလည်း မိတ်ဆက်ဟောပြောပေးခဲ့သည်။