သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်လက်ရာများ ပျက်စီးပျောက်ကွယ်သွားခြင်း မရှိစေရန် ထိန်းသိမ်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ ဥပဒေစည်းမျဉ်းများ တင်းကြပ်ပေးရန်အတွက်၊ ဥပဒေပညာရှင်များအား လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ စေလွှတ်တာဝန် ပေးအပ်ခဲ့သည်။

သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်လက်ရာများ ပျက်စီးပျောက်ကွယ်သွားခြင်း မရှိစေရန် ထိန်းသိမ်း ကာကွယ်ဆောင်ရွက်မှုနှင့် ပတ်သက်၍ ဥပဒေစည်းမျဉ်းစည်းကမ်းများ သတ်မှတ်ရေး ဆွဲပြဋ္ဌာန်း ခြင်းဟာ အဓိက အခန်းကဏ္ဍမှ ပါဝင်သည်။ သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်း ရေးဆိုင်ရာ အစီအစဉ်များကို ထိထိ ရောက်ရောက် အကျိုးရှိရှိနှင့် ရေးဆွဲချမှတ်သွားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရတွင် ဘတ်ဂျက်ငွေနှင့် ဝန်ထမ်းအရေအတွက် လုံလောက်မှု ရှိမနေခြင်းက ဖွံ့ဖြိုးစဲနိုင်ငံများ ရင်ဆိုင်ကြုံတွေ့နေရသည့် အလွန်ကြီးမားသော အခက်အခဲကြီး တစ်ရပ်ပင် ဖြစ်သည်။ ထို့အပြင် 2013ခုနှစ် သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သော အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စာချုပ်ပါ စည်းကမ်း သတ်မှတ် ချက်များအရ နိုင်ငံတွင်း ဥပဒေစည်းမျဉ်းစည်းကမ်းများ ပြင်ဆင်ရေးဆွဲသတ်မှတ်ရန် အထူး လိုအပ်သည်။

IRCI အဖွဲ့ အနေဖြင့် ဥပဒေစည်းမျဉ်းစည်းကမ်းများ ရေးဆွဲမှုအတွက် ထောက်ပံ့ကူညီမှုများ လုပ်ဆောင် ပေးသွားရန် 2013ခုနှစ် အောက်တိုဘာလတွင် ကျင်းပပြုလုပ်ခဲ့သော IRCI ၏ ဒုတိယ အကြိမ်မြောက် စီမံခန့်ခွဲမှု ဒါရိုက်တာအစည်းအဝေး၏ ဆုံးဖြတ်ချက်များအရ “မဲဂွန် အထူးဒေသကြီး အ တွင်းရှိ သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းဥပဒေများ စုံစမ်း စစ်ဆေးမှု” ပရောဂျက်စီမံကိန်းတစ်ခုကို သတ်မှတ်ရေးဆွဲခဲ့ပြီး ၊2014 ခုနှစ် ဇန်နဝါရီလတွင် လာအိုနိုင်ငံနှင့် ၊ ဖေဖေါ်ဝါရီလ တွင် ကမ္ဘောဒီးယားနိုင်ငံသို့ ဥပဒေအကြံပေးပညာရှင်များ စေလွှတ်၍ ယဉ်ကျေးမှု ဝန်ကြီး ဌာနမှ အရာရှိ ပုဂ္ဂိုလ်များ၊ တက္ကသိုလ်မှ သုတေသနပညာရှင်များနှင့် တွေ့ဆုံမေးမြန်း၍ စစ်တမ်းများ ကောက်ယူနိုင်ခဲ့သည်။ နောက်ပိုင်းတွင် နှစ်နိုင်ငံကြားရှိ တက္ကသိုလ်ကျောင်းများ အချင်းအချင်း အပြန် အလှန်ချိတ်ဆက်၍ သတင်းအချက်အလက်များ ဖလှယ်မှုအစီအစဉ်များ ချမှတ်ရေးဆွဲသွားရန် လျာထား သည်။

(အဆိုပါ လေ့လာရေးခရီးစဉ်မှာ 2013 ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သော ဒုတိယအကြိမ် မြောက် စီမံအုပ်ချုပ်မှု ဒါရိုက်တာအစည်းအဝေးမှ ဆုံးဖြတ်ခဲ့သော လုပ်ငန်းစီမံကိန်းအရ အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။)