IRCI စီမံကိန်း အကောင်အထည်ဖေါ်နိုင်မှု မြင့်တင်ရန် သုသေတီများမှ မဲခေါင်ဒေသနိုင်ငံ 3 နိုင်ငံသို့ သွားရောက်ခြင်း

အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာလာစေရန်နှင့် သတင်းအချက်အလက်များ ကောက်ယူပြီး “မဟာမဲခေါင်ဒေသ ရိုးရာယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ဥပဒေရေးရာလေ့လာမှု” အပါ အဝင်ဖြစ်သော IRCI၏ စီမံကိန်းများကို အထောက်အကူဖြစ်စေရန်၊ Susan McIntyre-Tamwoy (ရှေး ဟောင်းသုတေသနနှင့်အမွေအနှစ် စီမံခန့်ခွဲနည်း - Archaeological & Heritage Management Solutions) နှင့် Ketie O’Rourke (Ketie O’Rourke အတိုင်ပင်ခံအဖွဲ့ - Ketie O’Rourke Consulting P/L) သုသေတီ 2 ဦးကို မြန်မာ၊ လာအို နှင့်ထိုင်းနိုင်ငံများသို့ စေလွှတ်ခဲ့သည်။ ၄င်းတို့သည် 2015 နိုဝင်ဘာ 2 ရက်မှ 10 ရက်နေ့အတွင်း ထိုနိုင်ငံ 3 နိုင်ငံမှ တက္ကသိုလ်များ၊ အမွေအနှစ်ဆိုင်ရာ အဖွဲ့အစည်း များနှင့် အစိုးရဌာနများသို့ သွားရောက်လာပတ်ကာ၊ IRCI မှ ယင်းနိုင်ငံများသို့ ကြိုတင်ပေး ပို့ထားသော စစ်တမ်း မေးခွန်းများအပေါ်အခြေခံပြီး ICHများထိန်းသိမ်းစောင့်ရှောက်ခြင်းအတွက် လက်ရှိ ဥပဒေရေးရာ အခြေအ နေများကို တိုင်ပင်ဆွေးနွေးခဲ့ကြသည်။ လူတွေ့မေးမြန်းခဲ့သော အဖွဲ့အစည်းများတွင်၊ မြန်မာနိုင်ငံမှ ယဉ် ကျေးမှုဝန်ကြီးဌာန၊ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ ယူနက်စကို ယဉ် ကျေး မှု စီမံကိန်း ဌာနေရုံး၊ လာအိုနိုင်ငံမှ လာအိုလူမှုသိပ္ပံအကယ်ဒမီ၊ လာအိုအမျိုးသား တက္ကသိုလ်၊ သတင်း နှင့်ပြန်ကြားရေး ယဉ်ကျေးမှု ခရီးသွားဝန်ကြီးဌာန၊ ယူနက်စကို ဆက်သွယ်ရေးရုံးနှင့် ထိုင်းနိုင်ငံတွင် အစိုးရ ကောင်စီ ယဉ်ကျေးမှုဝန်ကြီးဌာနများနှင့် တွေ့ဆုံခဲ့သည်။