IRCI အုပ်ချုပ်မှု ဘုတ်အဖွဲ လေးကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

IRCI အုပ်ချုပ်မှု ဘုတ်အဖွဲ လေးကြိမ်မြောက် အစည်းအဝေးကို 2015 ခုနှစ် စက်တင်ဘာလ 25ရက်နေ့က ဆာကိုင်းမြို့ (Sakai)ရှိ Agora Regency တွင်ကျင်းပခဲ့သည်။ ဘုတ်အဖွဲ့ဝင် 8 ဦးအပြင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘဲလာဥ အမျိုးသားပြတိုက် ပလာဥ (Belau National Museum in Palau) နှင့် တရုတ်နိုင်ငံICH ရှိ အခြား C2 စင်တာများ (CRIHAP)နှင့် ကိုရီးယားသမ္မတနိုင်ငံ (ICHCAP)တို့ကဲ့သို့သော အဖွဲ့အစည်း 7 ဖွဲ့မှ လေ့လာသူ 13 ဦး တက်ရောက်ခဲ့ကြသည်။

အဓိက ဆွေးနွေးပွဲခေါင်းစဉ်များမှာ -
1. 2014 ဘဏ္ဍာနှစ် ဆောင်ရွက်ချက် အစီရင်ခံစာ၊ 2014 ဘဏ္ဍာရေးရှင်းတမ်း အတည်ပြုခြင်းနှင့် 2015 ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်း(ဘတ်ဂျက်) ထပ်မံအတည်ပြုခြင်း၊
2. နောက်ထပ် ကာလအလတ်အစီအစဉ်သစ် (2016-2020 ဘဏ္ဍာနှစ်)ဆွေးနွေးခြင်းနှင့် အတည်ပြု ခြင်း
3. 2016 ဘဏ္ဍာနှစ်အတွက် လုပ်ငန်းအစီအစဉ် နှင့် ရသုံးမှန်ခြေငွေစာရင်း(ဘတ်ဂျက်) ဆွေးနွေးခြင်း နှင့် အတည်ပြုခြင်း

ယင်းနေ့တွင်ပင် ယဉ်ကျေးမှုလေ့လာရေးခရီးအဖြစ် မိုဇုဟချီမန် ကျောင်းတော် (Mozuhachiman Shrine)၏ နှစ်စဉ်နွေးဦးပွဲတော်တွင် ကျောင်းဆောင် သယ်ယူရေးအဖွဲ့များ၏ ဆောင်ရွက်ပုံများကို သွားရောက်ကြည့်ရှုခဲ့ကြသည်။