ရိုးရာယဉ်ကျေးမှုအမွေအနှစ် နယ်ပယ်တွင်ဆောင်ရွက်လျက်ရှိသော အဆင့်(2)စင်တာများ၏ တတိယအကြိမ် နှစ်ပတ်လည်ပူးပေါင်းဆောင်ရွက်ခြင်း အစည်းအဝေး IRCIမှ ပါတက်ရောက်ခြင်း

ရိုးရာယဉ်ကျေးမှုအမွေအနှစ် နယ်ပယ်တွင်ဆောင်ရွက်လျက်ရှိသော အမှတ်(2)စင်တာများ၏ တတိယအကြိမ် နှစ်ပတ်လည်ပူးပေါင်းဆောင်ရွက်ခြင်း အစည်းအဝေးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်ကျိုးပြည်နယ်၊ ကွန်ယန်းမြို့တွင် 2015 ဇူလိုင်လ 6 ရက်မှ 8 ရက်ထိ ကျင်းပခဲ့သည်။ ၄င်း အစည်း အဝေးကို ယူနက်စကို ၏ ICH ဌာနမှ နှစ်စဉ်ဦးစီးကျင်းပခြင်းဖြစ်ပြီး၊ ယင်း၏ အဆင့် (2)(C2)စင်တာများ၏ လုပ်ဆောင်ချက်များကို ညှိနှိုင်းပေးရန်နှင့် စင်တာများအချင်းချင်းကြားနှင့် ယူနက်စကို နှင့်ပူးပေါင်း ဆောင်ရွက်ခြင်း မြင့်တင်ရန်အတွက်ဖြစ်သည်။ ယခုနှစ် အစည်းအဝေးကို တရုတ် C2 စင်တာ (CRIHAP)မှ လက်ခံကျင်းပခြင်းဖြစ်ပြီး၊ ဥရောပ၊ အာရှနှင့် တောင်အမေရိကရှိ စင်တာ 6 ခုမှ ကိုယ်စားလှယ်များ ဆွေးနွေးရန် စုဝေးခဲ့ကြသည်။ IRCI မှ အကီအို အလတ (Akio Arata)၊ ညွှန်ကြားရေးမှူးချုပ်နှင့် ရှိဂဲ့အကီ ကိုဒမ (Shigeaki Kodama)၊ တွဲဖက်သုတေသီတို့ အစည်းအဝေးပွဲတက်ရောက်ကြပြီး၊ ပြင်ပ သုံးသပ်ချက် အပေါ်တွင် ယူနက်စကိုမှ ဦးဆောင်ဆွေးနွေးပေးကြသည်။ အခြား C2 စင်တာများမှလည်း ၄င်းတို့၏ စီမံခန့်ခွဲမှုနှင့် လုပ်ဆောင်ချက်များနှင့်သက်ဆိုင်သော ခေါင်းစဉ်များကို တင်ပြခဲ့ကြသည်။ ဆွေးနွေးပွဲ အဆုံးတွင် ပါဝင်ဆွေးနွေးသူများမှ စင်တာများအကြား ပိုမိုပူးပေါင်းဆောင်ရွက်မှု ခိုင်မာလာစေဖို့ရန် သဘောတူညီခဲ့ကြသည်။