အရှေ့တီမော (Timor‐Leste) အစိုးရအဖွဲ့ဝင်မှ ဂျပန်နိုင်ငံ သမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမှု အခြေအနေများ လာရောက်လေ့လာ

IRCI သည် အရှေ့တီမော (Timor‐Leste) အစိုးရနှင့် ဂျာကာတာ အခြေစိုက် ယူနက်စကိုရုံးမှ တောင်းဆိုချက်အရ ၊ အရှေ့တီမော (Timor‐Leste) အစိုးရအဖွဲ့ဝင်များအတွက် ဂျပန်နိုင်ငံ၏ သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း ဆောင်ရွက်မှု အခြေအနေအား လာရောက်ကြည့်ရှုနိုင်ရန် လေ့လာ ရေးခရီးစဉ် တစ်ခုကို ကြီးမှူးကျင်းပ ပေးခဲ့သည်။ အဆိုပါ လေ့လာရေးခရီးစဉ်သည် IRCI ၏ ကာလတို စီမံကိန်း (2013-2015)တွင် ပါဝင်မှု မရှိသော်လည်း၊ IRCI၏ တာဝန်များအနက် “တိမ်မြုပ် ပျောက်ကွယ် လုနီးပါး ဖြစ်နေသော သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ် ထိန်းသိမ်းရေး” ဆိုသော အချက် ပါဝင်နေခြင်း၊ အရေးတကြီး ဆောင်ရွက်ရန် လိုအပ်ချက်တစ်ရပ် ဖြစ်နေခြင်း စသည့် အချက်များကြောင့် 2013 ခုနှစ်တွင် စီမံခန့်ခွဲမှု ဒါရိုက်တာ အစည်းအဝေးမှ ခွင့်ပြုပေးလိုက်ပြီး၊ အဆိုပါ လေ့လာရေးခရီးစဉ်ကို အောက်တိုဘာလ 22ရက်မှ 26ရက်နေ့အထိ 5ရက်ကြာ ကျင်းပ ပေးခဲ့သည်။

သက်ဝင်ရှင်သန်နေစဲရှိသော သမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်များ ခင်းကျင်းပြသထားမှုနှင့် ထိန်းသိမ်းကာကွယ်မှု အခြေအနေ၊ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ၊ ရိုးရာပွဲတော်နှင့် လက်မှု အနုပညာ အမွေအနှစ်တို့ကို အခန်းကဏ္ဍ ပေါ်မူတည်၍ ထိန်းသိမ်းမှုနည်းလမ်းများကို သင့်လျော်သလို ဆောင်ရွက်လုပ်ကိုင်ပေးရန် လိုအပ်သည်။ အရှေ့တီမော (Timor‐Leste) နိုင်ငံအနေဖြင့် သမိုင်းဝင် အမွေ အနှစ်များ စစ်တမ်းကောက်ယူခြင်းနှင့် အမျိုးသားပြတိုက် တည်ဆောက်ခြင်းတို့ကို ယခုမှ စတင်လုပ် ဆောင်ရမည့် အနေအထားတို့ကို ထောက်ထားသောအားဖြင့် အစိုးရနှင့် ဒေသဆိုင်ရာ လူထုအဖွဲ့ အစည်း များ၏ သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပုံနှင့် ပြခန်းများ၊ ပညာပေးလှုံ့ဆော်မှု အသင်းအဖွဲ့များထဲမှ အကောင်းဆုံးအဖွဲ့များကို အနည်းငယ်ရွေးချယ်ပြီး လေ့လာရေး ခရီးစဉ်နှင့် နှီးနှော ဖလှယ်ပွဲများ (လက်ဆင့်ကမ်းထိန်းသိမ်းမှုစနစ်၊ သမိုင်းဝင် အမွေအနှစ် စောင့်ရှောက်ရေး အသင်းဝင်များ၊ ပြတိုက်မှ တာဝန်ရှိသူများ၊ တခြားဒေသမှ အုပ်ချုပ်မှု ပိုင်းဆိုင်ရာ တာဝန်ရှိသူများ) ကျင်းပ ပေးခဲ့သည်။

ဂျပန်အစိုးရမှ တိုကျိုအမျိုးသားပြတိုက်၊ တိုကျိုယဉ်ကျေးမှုသမိုင်း သုတေသနဌာန၊ အမျိုးသား ဇာတ်ရုံများသို့ လိုက်လံပြသပေးခဲ့ပြီး၊ ယင်းတို့အနက် “အိုဂဒေသ၏ နာမဟာဂဲ” လို့ခေါ်တဲ့ ကလေးတွေကို လူကြီးပြောစကားနားထောင်အောင် ခြောက်လှန့်သော ဘီလူးအကအမွေကို ရှေးမူမပြတ် ဆက်လက် ထိန်း သိမ်း စောင့်ရှောက်လျက်ရှိသော အာခီတခရိုင် အိုဂဒေသရှိ အမျိုးသား ပြတိုက်များဖြစ်တဲ့ “နာမဟာဂဲ ပြတိုက်” နှင့် “အိုဂ ရှင်းဇမ်း ရှေးဟောင်းရိုးရာပြတိုက်” များအပြင်၊ လက်မှုအနုပညာ အခန်းကဏ္ဍအနေနဲ့ “ ယုခိစစ်မုဂိ ” လို့ခေါ်တဲ့ ရိုးရာ ချည်မျှင် ရက်လုပ်ခြင်းကို ရှေးမူမပြတ် ဆက်လက်ထိန်းသိမ်းသွားမည့် ပညာရှင်များကို ပြုစုပျိုးထောင်ပေးလျက်ရှိသည့် အီဘရခီ ခရိုင် ယူခိမြို့ရှိ မာရှီကို လူထုအဖွဲ့အစည်းများ၏ လက်မှုအနုပညာပစ္စည်း ဈေးကွက်နှင့် မြို့တွင်းတဝိုက်သို့ လှည့်လည် ကြည့်ရှုလေ့လာ ခဲ့ကြသည်။

လေ့လောရေးခရီးစဉ် ပထမဆုံးနေ့နှင့် နောက်ဆုံးနေ့များတွင် အရှေ့တီမော (Timor‐Leste) ဒေသ၏ သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်လက်ရာများ ပျက်စီးပျောက်ကွယ်သွားခြင်း မရှိစေရန် ထိန်း သိမ်း ဆောင်ရွက်သွားသင့်သည့် အစီအစဉ်၊ နည်းလမ်းများနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေး တိုင်ပင် ကြပြီး၊ ယင်းအကြောင်းအရာများ ကို မှတ်တမ်းတင်ရေးသားပြုစုကြသည်။

ဆွေးနွေးချက်အပြည့်အစုံကို စုစည်းတင်ပြထားသည့် အစီရင်ခံစာကို 2014 ခုနှစ်၊ မတ်လပိုင်းတွင် ထုတ်ဝေခဲ့သည်။

(အဆိုပါ လေ့လာရေးခရီးစဉ်မှာ 2013 ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သော ဒုတိယအကြိမ် မြောက် စီမံအုပ်ချုပ်မှု ဒါရိုက်တာအစည်းအဝေးမှ ဆုံးဖြတ်ခဲ့သော လုပ်ငန်းစီမံကိန်းအရ အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။)