လူထုအဖွဲ့အစည်းများနှင့် 2003 နှစ် သဘောတူညီချက်နှင့် ပတ်သက်သော ပထမအကြိမ် သုတေသန သမိုင်း ပညာရှင်များ တွေ့ဆုံပွဲ အခမ်းအနား ကျင်းပ

IRCI မှ “လူထုအဖွဲ့အစည်းနှင့် ၊2003 ခုနှစ် သဘောတူညီချက်နှင့် ပတ်သက်၍ ပထမအကြိမ် သုတေသန သမိုင်းပညာရှင်များ တွေ့ဆုံပွဲ အခမ်းအနား - လူထုအဖွဲ့အစည်းများ အသုံးချနိုင်ရန် ကမ္ဘာ့ သမိုင်းဝင် အမွေအနှစ်စာရင်းများ အစီရင်ခံစာ”ကို မတ်လ 3 ရက်မှ 4ရက်အထိ ကျင်းပ ပြုလုပ် ခဲ့သည်။

ယင်းတွေ့ဆုံပွဲအခမ်းအနားတွင် သုတေသနပညာရှင်များအနေဖြင့် မိမိတို့၏ အကောင်းဆုံး သု တေသန အချက်အလက်များကို အပြန်အလှန် နှီးနှောဖလှယ်ကြပြီး၊ လူထုအဖွဲ့အစည်းများ အနေဖြင့် မိမိတို့၏ သမိုင်းဝင် အမွေအနှစ်များ မပျက်စီးအောင် ကာကွယ်ထိန်းသိမ်းမှုအတွက် အကျိုးရှိရှိ အသုံးချ နိုင်ရန် သမိုင်းဝင် အမွေအနှစ်စာရင်းများ အစီရင်ခံစာနှင့် ပတ်သက်သော နှီးနှောဖလှယ်မှုများကို တွန်း အားပေးသည့်အနေဖြင့် ကျင်းပပေးခဲ့ခြင်း ဖြစ်သည်။ အခမ်းအနားသို့ တက်ရောက်လာကြသော သုတေ သနပညာရှင်များမှ အာရှ-ပစိဖိတ်ဒေသအတွင်း နောင်တစ်ချိန်တွင် လက်တွေ့အသုံးချရန် အလားအလာ ရှိသည့် ရှေးပြေး ပထမအဆင့် အနေဖြင့် ”လူထုအဖွဲ့အစည်းများမှ သမိုင်းဝင် အမွေအနှစ်များ ထိန်းသိမ်း ကာကွယ်မှုအတွက် အထောက်အကူဖြစ်စေမည့် ဒေတာဘေ့စ် ” တည်ဆောက်မှု အတွက် ဂိုက်လိုင်းအဖြစ် အသုံးချနိုင်မည့် လမ်းညွန်ချက်ကို တီထွင်ရေးဆွဲခဲ့သည်။

 

 

 

 

 

 (ယင်းစာတမ်း ဟောပြောကို ပထမအကြိမ်မြောက် IRCI ဒါရိုက်တာအစည်းအဝေးတွင် သဘောတူ ဆုံး ဖြတ်ခဲ့သော IRCI ၏ ကာလလယ်စီမံကိန်းအပေါ် အခြေခံ၍ ကျင်းပပေးခဲ့ခြင်းဖြစ်သည်)