ဆာကိ်ုင်းမြို့မှ ကြီးမှူး၍ သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များခေါင်းစဉ်ဖြင့် ဟောပြောပွဲတစ်ခု ပြုလုပ် ကျင်းပခဲ့သည်။

IRCI အနေဖြင့် ဆာကိုင်းမြို့ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ကူညီပံ့ပိုးမှုဖြင့် သမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ် များအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သဘောပေါက် သိရှိလာစေရန် လှုပ်ရှား ဆောင်ရွက် လျက် ရှိသည်။ 2015ခုနှစ် ဖေဖေါ်ဝါရီလ 21 ရက်နေ့တွင် ဆာကိုင်းမြို့မှ ကြီးမှူးကျင်းပသော သမိုင်းဝင်ယဉ် ကျေးမှုအမွေအနှစ်များအကြောင်း ရှင်းလင်းဟောကြားပွဲတွင် IRCI ညွန်ကြားရေးမှူးချုပ် မစ္စတာ အာခီအို အာရတ မှ “ယူနက်စကို စာရင်းဝင် သမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ်များ သဘောတူစာချုပ်နှင့် IRCI ၏ လုပ်ငန်းစဉ်များ” နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆာကိုင်းမြို့ အမျိုးသားပြတိုက်၌ ကျင်းပပြုလုပ်ခဲ့သော အဆိုပါ ဟောပြောပွဲသို့ မြို့သူမြို့သား စုစုပေါင်း အယောက် 70ခန့် တက်ရောက်ခဲ့ကြသည်။