“အာရှ-ပစိဖိတ်ဒေသအတွင်းရှိ သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များအတွက် ဥပဒေစည်းမျဉ်းများ ရေးဆွဲအကောင်အထည်ဖော်ရန် အတွက် အလုပ်ရုံအစည်းအဝေး ” ကို ကျင်းပပြုလုပ်ခဲ့သည်။

ကျူးရှူးတက္ကသိုလ် ဥပဒေရေးရာ ဘွဲ့လွန်ပညာရှင်များ၏ အကူအညီဖြင့် 2014ခုနှစ် ဒီဇင်ဘာလ 9ရက်မှ 20ရက်အထိ ဟာကိုဇာခိတက္ကသိုလ်နယ်မြေအတွင်းတွင် “IRCI 1st Workshop on the Study of Legal Systems Related to Intangible Cultural Heritage in Southeast Asia” အလုပ်ရုံအစည်းအဝေး တစ်ရပ်အား ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အလုပ်ရုံအစည်းအဝေးကို “မဟာမဲခေါင် အထူးဒေသကြီး အတွင်းရှိ သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းဥပဒေများ အကြောင်း သုတေသနပြုလုပ်ခြင်း”ကို ဌာန၏ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ အရှေ့ တောင် အာရှဒေသ အသီးသီးမှ သုတေသပညာရှင်နှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် စုစုပေါင်း 13 ယောက်တို့မှ တက်ရောက်ခဲ့ကြသည်။ပါမောက္ခ မစ်စတာ တိုရှီယုခိ ခိုနို(ကျူးရှူးတက္ကသိုလ်)မှ အခမ်း အနားမှူး အဖြစ် ဆောင်ရွက်ပြီး၊ သမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်း ကာကွယ်ရေး ဆိုင်ရာ ဥပဒေအကြောင်းအရာများနှင့် ပတ်သက်၍ လက်ရှိဖြစ်ပေါ်နေသော အခြေအနေနှင့် အခက်အခဲများအပေါ် ရှုထောင့်အမျိုးမျိုးမှ ခွဲခြမ်းစိတ်ဖြာပြီး ဆွေးနွေးရှင်းလင်း ပြောကြားခဲ့သည်။

(စီမံကိန်းကို 2014ခုနှစ် အောက်တိုဘာလ 1 ရက်နေ့တွင် ပြုလုပ်သော သုံးကြိမ်မြောက် အုပ်ချုပ်မှု ဘုတ် အဖွဲ့အစည်းအဝေး၏ လုပ်ငန်းအစီအစဉ်အောက်မှ ထောက်ခံအတည်ပြုချက်ဖြင့် ဆောင်ရွက် ခဲ့သည်။)