IRCI “အာရှ-ပစိဖိတ်ဒေသအတွင်းရှိ သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များဆိုင်ရာ သုတေသန အချက်အလက်စုစည်းထားရာစနစ်” တစ်ခုအား ပြုလုပ်ရေးသားခဲ့သည်

IRCI သည် ဒုတိယအကြိမ်မြောက် စီမံအုပ်ချုပ်မှု ဒါရိုက်တာအစည်းအဝေးအရ အတည်ပြု ဆုံး ဖြတ်ခဲ့သော “အာရှ-ပစိဖိတ်ဒေသ အတွင်းရှိ သမိုင်းဝင် အမွေအနှစ်များ ထိန်းသိမ်းကာကွယ် စောင့် ရှောက်ရေး ဆိုင်ရာ သုတေသန လုပ်ငန်းစဉ်များအား အကဲဖြတ်လေ့လာစစ်ဆေးခြင်း” စီမံချက်တစ်ခု အ ဖြစ် အာရှ-ပစိဖိတ် ဒေသအတွင်းရှိ သမိုင်းဝင်အမွေအနှစ်များ ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ သုတေသန လုပ်ငန်းများ အတွက် ဒေတာဘေ့စ်စနစ်တစ်ခုကို ပြုလုပ်ရေးသားခဲ့သည်။

အဆိုပါ ဒေတာဘေ့စ်မှတဆင့် အာရှ-ပစိဖိတ်ဒေသအတွင်းရှိ သမိုင်းဝင်အမွေအနှစ်များ ထိန်းသိမ်း ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းနှင့် သုတေသနပညာရှင်များ၊ စာအုပ်စာတမ်းများကို အလွယ်တကူ ရှာဖွေ၍ ရနိုင်မည်။

ဒီနေရာ (သို့) Menu ပေါ်ရှိ “သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များဆိုင်ရာ သုတေသန အချက်အလက် စုစည်းထားရာဒေတာဘေ့စ်စနစ်” ဘားမှတဆင့် ဒေတာဘေ့စ်အား သွားရောက်ကြည့်ရှုနိုင်ပါသည်။

IRCI အနေဖြင့် အဆိုပါ ဒေတာဘေ့စ်အား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသွားရေးအတွက် ကြိုး စား လုပ်ဆောင်သွားမည့်အပြင်၊ အများပြည်သူများအနေဖြင့်လည်း သတင်းအချက်အလက်များ ပေးပို့ ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။