အာရှ-ပစိဖိတ်ဒေသ သမိုင်းဝင် အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး သုတေသနဌာန (IRCI) ဒုတိယ အကြိမ်မြောက် စီမံအုပ်ချုပ် ဒါရိုက်တာအစည်းအဝေး

အောက်တိုဘာလ 21ရက်၊ 2013 ခုနှစ် ကျိုတိုမြို့၌ IRCI၏ ဒုတိယအကြိမ်မြောက် စီမံအုပ်ချုပ်မှု ဒါရိုက်တာ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေး၌ ယူနက်စကိုနှင့် ယူနက်စကို အဖွဲ့ဝင် နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်အကြီးအကဲများ တက်ရောက်ခဲ့ပြီး၊ နိုင်ငံတကာ ရှုထောင့်မှ IRCI ၏ ကာလလယ် စီမံကိန်း၊ ပရောဂျက်၊ ဘက်ဂျက် အခြေအနေများနှင့် ပတ်သက်၍ တင်းတင်းကြပ်ကြပ် စစ်ဆေးမှုများ ပြုလုပ်သွားမည်။ ယခုတစ်ကြိမ်ကျင်းပသည့် အစည်းအဝေးပွဲသို့တက်ရောက်ရန် အဖွဲ့ဝင် ဒါရိုက်တာ 9 ဦးအပြင် နိုင်ငံခြားရေးဝန်ကြီး၊ ပညာရေးနှင့် အမျိုးသား ယဉ်ကျေးမှုထိန်းသိမ်းရေးကော်မတီ ရုံးချုပ်မှ တာဝန်ရှိအသီးသီးကိုလည်း ဖိတ်ကြားခဲ့သည်။

အကြံပေးအဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း
အာရှ-ပစိဖိတ်ဒေသအတွင်းရှိ ဒေသအသီးသီးမှ အသိပညာရှင်၊အတတ်ပညာရှင်များအနေဖြင့် မိမိတို့၏ အသိပညာနှင့် အတွေ့အကြုံဗဟုသုတများ ကောင်းမွန်စွာ အသုံးချနိုင်ရန်အတွက် သတ်မှတ်ဝန်ထမ်းဦးရေ တိုးမြှင့်ခန့်အပ်ခြင်း၊ ပညာရှင်များကို အိန္ဒိယနှင့် ဖီဂျီနိုင်ငံများသို့ ထပ်မံ စေလွှတ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အိုင်အာစီအိုင် ၏ လှုပ်ရှားဆောင်ရွက်မှုအစီရင်ခံစာနှင့် ဘဏ္ဍာရေး စာရင်းရှင်းတမ်း
အိုင်အာစီအိုင် စတင် ဖွဲ့စည်းတည်ထောင်ခဲ့သော 2011 ခုနှစ်မှ 2012 ခုနှစ်အထိ 2နှစ်တာ ကာလ၏ လုပ်ငန်းအစီရင်ခံစာနှင့် ဘဏ္ဍာရေးစာရင်းရှင်းတမ်းနှင့် ပတ်သက်၍ အကဲဖြတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်


အိုင်အာစီအိုင် ၏ ကာလလယ်စီမံကိန်း
ယူနက်စကိုမှ တင်ပြသော ကာလတိုစီမံကိန်းနှင့် ကိုက်ညီမည့် ကာလတိုစီမံကိန်းအသစ်အား အတည်ပြုချမှတ်ခဲ့သည်။


2013 ခုနှစ်မှ 2014ခုနှစ် အထိ လှုပ်ရှားဆောင်ရွက်မှု စီမံကိန်းနှင့် ဘတ်ဂျက်
အာရှ-ပစိဖိတ်ဒေသအတွင်းရှိ တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ယဉ်ကျေးမှု သမိုင်း အမွေအနှစ်များ ထိန်းသိမ်းရေးဆိုင်ရာ စစ်တမ်းများ ကောက်ယူခြင်း၊ အဆိုပါဒေသရှိ သမိုင်းအမွေ အနှစ်များ ထိန်းသိမ်းရေးအတွက် သုတေသနလုပ်ငန်းဆိုင်ရာ လျာထားချက်များကို လာမည့် 2နှစ် 3နှစ် အတွင်း ရေးဆွဲသွားမည့် လုပ်ငန်းစီမံကိန်းတွင် အဓိက ထည့်သွင်းရေးဆွဲသွားမည်။ အရေးကြီး ဒေသကြီး 2ခုအတွင်း တိတိကျကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပရောဂျက် 7ခု ရေးဆွဲပြဋ္ဌာန်းရန် ဆုံးဖြတ်လိ်ုက်သည်။